JobExpress Myanmar
No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now
  • Home
  • Jobs & Careers
  • Apply Now
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home News

Work From Home နဲ့ အိပ်ရေးပျက်ခြင်:

အိပ်ရေးပျက်ခြင်းက ရေရှည်မှာကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့်အိပ်ရေးပျက်ရင်ဘာတွေဖြစ်နိုင်သလဲဆိုတာကို ဗဟုသုတရစေရန်ဝေမျှပေးလိုက်ပါတယ်ခင်ဗျ။

Share on FacebookShare on LinkedinShare on Twitter

ကျွန်တော်တို့က အခုဆိုရင် Covid 19ရဲ့ Second Wave ကိုထပ်ကျော်ဖြတ်ရဉီးမှာပါ။အလုပ်တွေကိုလည်း ပထမတစ်ခေါက်ကလိုပဲ Work From Home လုပ်ကြတဲ့အခါမှာ အရင်လိုအိပ်ရေးပျက်တဲ့အချိန်တွေပြန်ရောက်လို့လာပါပြီ။မနက်ဆိုရင် အလုပ်သွားစရာမလိုတဲ့အခါညဘက်တွေအိပ်ရေးပျက်တဲ့အထိနေကြပါတယ်။မနက်ဆိုလည်း အလုပ်ချိန်အတိုင်း အိပ်ရာထပြီး အလုပ်လုပ်ရပါတယ်။တစ်ည၊နှစ်ညလောက်ဆို မသိသာပေမဲ့ ညဆက်တိုက်ဖြစ်လာတဲ့အခါ စိတ်မကြည်တော့ပါဘူး။အခုလိုမျိုးရက်တွေများလာတဲ့အခါစိတ်ဓာတ် ကျတာတွေ၊စိတ်မကြည်တာတွေဖြစ်လာတဲ့အပြင် ခန္ဓာကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။

အိပ်ရေးပျက်ခြင်းက ရေရှည်မှာကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့်အိပ်ရေးပျက်ရင်ဘာတွေဖြစ်နိုင်သလဲဆိုတာကို ဗဟုသုတရစေရန်ဝေမျှပေးလိုက်ပါတယ်ခင်ဗျ။

အာရုံကြောထိခိုက်ခြင်း

ဦးနှောက်က တစ်ကိုယ်လုံးကို ထိန်းချုပ်ပေးရတာပါ။အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်ကဉီးနှောက်ဆီကို ကောင်းကောင်းအချက်မပြနိုင်တော့ပါဘူး။လူကအိပ်နေပေမဲ့ ဉီးနှောက်က အိပ်မနေပဲ တစ်နေ့တာကြုံခဲ့ရသမျှတွေကို မှတ်သားထားပေးပါတယ်။ကိုယ်ကအိပ်ရေးပျက်တဲ့အခါ ဦးနှောက်ကပင်ပန်းပြီး အလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် အာရုံစူးစိုက်မှုအားနည်းလာမယ်။ တစ်ခုခုကိုအလိုမကျတာတွေဖြစ်လာမယ်။ဒေါသထွက်လွယ်ပြီးဆုံးဖြတ်ချက်တွေလည်း ဝေဝါးလာပါတယ်။ နောက်ပိုင်းမှာ သတိမေ့တတ်လာပြီး စိတ်ကျရောဂါမျိုးတွေပါ ခံစားရနိုင်ပါတယ်။

အစားစားချိန်နောက်ကျခြင်း

နောက်ကျမှ အိပ်ယာထတဲ့အခါ မနက်စာ စားချိန်လည်း နောက်ကျပါတယ်။ နေ့လည်စာကိုညနေမှစားပြီး ညစာကို ညလယ်မှထစားတာမျိုးတွေဖြစ်တတ်ပါတယ်။အစားစားချိန် မမှန်တာမျိုးပေါ့။အိပ်ရေးပျက်လာတဲ့အခါ ကိုယ်ခန္ဓာက အစားပိုစားချင်စိတ်ဖြစ်ပါတယ်။ ညဘက်တွေမှာ အိပ်မပျော်လေ ဗိုက်ဆာလေဖြစ်တယ်။ ဒါပြင့် အိပ်ရေးပျက်တဲ့အခါ လေးပင်ထိုင်းမှိူင်းပြီး လေ့ကျင့်ခန်းလုပ်ချင်စိတ်တွေလည်း မရှိတော့ပါဘူး။ ရက်ပေါင်းကြာလာတဲ့အခါ ဝိတ်တက်လာနိုင်ပါတယ်။

ခုခံအားကျဆင်းလာခြင်း

အိပ်ရေးမဝဘူးဆိုရင် ခုခံအားစနစ်လည်းကျဆင်းလာမှာပါ။ရောဂါတွေကို တိုက်ဖျက်နိုင်မဲ့ အားမရှိတဲ့အခါ နေမကောင်း ဖြစ်ပြီးရင်လည်းပြန်ကျန်းမာဖို့တော်တော်အချိန်ယူရတတ်ပါတယ်။ခန္ဓာကိုယ် ကနေခုခံအားရှိတဲ့ ဓာတ်တစ်မျိုးကို အိပ်နေတဲ့ အချိန်မှာထုတ်ပေးပါတယ်။သူက ရောပါပိုးတွေ၊ bacteria တွေကို ခုခံပေးပါတယ်။ နောက်ပြီး လူကိုလည်း အိပ်ပျော်စေပါတယ်။ အိပ်ရေးဝမှ ‌‌ရောဂါဝင်ရောက်ခြင်းကို ခံနိုင်ရည်ရှိမှာဖြစ်တယ်။

နှလုံးရောဂါ

အိပ်ရေးပျက်တဲ့သူတစ်ယောက်က ရေရှည်မှာ နှလုံးခုန်ရပ်တာတွေ၊လေဖြတ်တာတွေဖြစ်လာနိုင်ပါတယ်။ အိပ်စက်ခြင်းက နလုံးရဲ့ သွေးကြောနဲ့ ပတ်သတ်နေတဲ့ လုပ်ငန်းဆောင်တာတွေကိုထိန်းချုပ်ထားပါတယ်။ အိပ်ချိန်မမှန်တဲ့သူတွေက အိပ်ချိန်မှန်တဲ့ သူတွေထက် နှလုံးရောဂါဖြစ်နိူင်ချေပုံမှန်ထက်ပိုများပါတယ်။ လေ့လာစမ်းသပ်ချက်တွေအရ ညအိပ်ရာဝင်ချိန် တစ်နေ့ထက်တစ်နေ့ အချိန်ကွာခြားမှု ရှိလာလေ နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများလာလေဖြစ်ပါတယ်။နောက်ပြီး နှလုံးရောဂါအပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ တွေ ဖြစ်လာနိုင် ဖို့အလားအလားတွေများလာနိုင်ပါတယ်။

ကြီးထွားမှုနှေး‌ကွေးခြင်း

အိပ်စက်ခြင်းက ကိုယ်ခန္ဓာကြီးထွားမှုနှုန်းနဲ့လည်းဆက်စပ်နေပါတယ်။တစ်နေ့ကို အနည်းဆုံးသုံးနာရီ ဆက်တိုက် အိပ်မှသာ ကိုယ်ထဲမှာရှိတဲ့ ကြီးထွားခြင်းနဲ့ပတ်သက်တဲ့ ဓာတ်တွေက အလုပ်လုပ်နိုင်မှာဖြစ်တယ်။အိပ်ရေးပျက်လာတဲ့အခါတစ်ရှိန်ထိုးကိုယ်အလေးချိန်ကျတတ်တာတွေ၊ အဝလွန်တာတွေက ဖြစ်လာကြပါတယ်။ ဦးနှောက်ကနေကြီးထွားခြင်းဆဲလ်တွေ ပုံမှန်ထုတ်ပေးနိုင်ဖို့ အိပ်ရေးဝဖို့က အရေးကြီးဆုံးအချက်ဖြစ်တယ်။

ဒီလောက်ဆိုရင်အိပ်ရေးပျက်တဲ့အခါ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ဘာတွေထိခိုက်နိုင်သလဲဆိုတာသတိထားမိလောက်ပါပြီနော်။တစ်ခြားအချက်တွေဖြစ်တဲ့ ဝက်ခြံထွက်တာ၊ မျက်ကွင်းညိုတာတွေဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်တာက ရေရှည်ရောဂါဆိုးတွေကို ဖိတ်ခေါ်နေသလိုဖြစ်တာကြောင့် Work From Home ကာလ မှာလည်း အိပ်ရေးဝအောင်အိပ်ဖို့ အကြုံပြုလိုက်ပါတယ်ခင်ဗျ။

Content By Kit Kit

Related Posts

Career Advice

အရှုံးသမား ဟုတ်မဟုတ် ဆန်းစစ်ဖို့ အချိန်သုံးမိနစ်ပဲပေးပါ

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)

November 19, 2020
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့
News

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

November 19, 2020
ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း
News

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး အကြောင်း  အပိုင်း ( ၂ )
News

လူမှုဖူလုံရေး အကြောင်း အပိုင်း ( ၂ )

November 14, 2020
2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
Next Post
Change Yes We Can

Change Yes We Can

Job နဲ့ Career ဘာကွာလဲ ?

Job နဲ့ Career ဘာကွာလဲ ?

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

November 11, 2020
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

November 19, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
လူမှုဖူလုံရေး အကြောင်း  အပိုင်း ( ၂ )

လူမှုဖူလုံရေး အကြောင်း အပိုင်း ( ၂ )

November 14, 2020

40HRS

  • About us
  • Privacy Policy
  • Terms & Conditions

PRODUCTS & SERVICES

  • HR Outsourcing
  • Training
  • Legal consulting

CAREERS & COMMUNITY

  • Career Advice

FOLLOW US

© Copyright 2000 – 2024, 40HRS. All Rights Reserved

No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now