ပိုက်ဆံနောက်ပဲလိုက်ရမလား ၊ လုပ်ငန်းအသေးစားမှာပဲ အတွေ့အကြုံယူရမလား ၊ Company ကြီးတွေမှာပဲ Position တစ်ခုခုရအောင်ယူမလားဆိုတာ ဝေခွဲမရဖြစ်နေတဲ့သူဆိုရင် ဒီစာလေးက သင့်အတွက်အကျိုးရှိမှာအသေအချာပါပဲ။
Career Change တယ်ဆိုတာ စကားအရသာလွယ်ပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ စိတ်ကူးနဲ့တစ်ခြားစီပါပဲ။ အပြောင်းအလဲတစ်ခုကို လက်ခံဖို့အတွက် ကျွန်တော်တို့တွေဟာ အချိန်ယူပြင်ဆင်ရပါမယ်။ အဲ့တာကြောင့် အချိန်ကုန်လည်းသက်သာစေပြီး ကိုယ့်ရဲ့ Career မှာလည်း Profesional တစ်ယောက်အဖြစ် လျောက်လှမ်းနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုမေးသင့်တဲ့ မေးခွန်း (၅) ခုနဲ့ ပြင်ဆင်ထားသင့်တဲ့ အချက် (၅) ချက် အကြောင်းပြောပြပေးမှာဖြစ်ပါတယ်။
ဒီမေးခွန်းလေးတွေအတွက် သင့်မှာတိကျတဲ့အဖြေရှိမရှိအရင်ဆုံးဆန်းစစ်လိုက်ပါ။
- လက်ရှိအလုပ်မှာလုပ်နေရတာ ကျေနပ်မှုရှိရဲ့လား?
- ကိုယ့်ရဲ့ဝါသနာ၊ ကိုယ်နှစ်သက်တဲ့အရာ၊ ကိုယ်ကျွမ်းကျင်တဲ့အရာတွေ သိပြီးပြီလား?
- တစ်ခြားရွေးချယ်လို့ရတဲ့ Career အကြောင်းစဉ်းစားကြည့်ဖူးပါသလား?
- Career တစ်ခုချင်းစီအကြောင်း သေသေချာချာ လေ့လာကြည့်ဖူးပါသလား?
- လုပ်ငန်းအမျိုးအစားတူတဲ့ အလုပ်အသစ်တွေအကြောင်းစဉ်းစားဖူးပါသလား?
နောက်ပြီး Career အတွက်မရှိမဖြစ် ပြင်ဆင်ထားသင့်တဲ့အချက် (၅) ချက်ကတော့
- လုပ်ငန်းခွင်အသိမိတ်ဆွေများအောင်လုပ်ပါ။
- လုပ်ငန်းခွင်က သူတွေဆီကနေလည်း သင်ယူလေ့လာပါ။
- ကိုယ်လည်းစိတ်ဝင်စားတယ် ၊ အကျိုးရှိမယ်ထင်ရင် Freelance အနေနဲ့စကြည့်ပါ။
- ကိုယ်လျှောက်မယ့် Career နဲ့ဆက်စပ်မယ့်သင်တန်းတွေတက်ပါ။
- ကိုယ်ရဲ့စွမ်းရည်ကိုမြှင့်တင်ပါ။
အကယ်၍ သင်ဟာ Career Change ချင်တဲ့သူ (သို့မဟုတ်) Passion ကို Professional အဖြစ်ပြောင်းချင်တဲ့သူဆိုရင်သင့်နဲ့အကိုက်ညီဆုံးဖြစ်မယ့် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ၊ သင့်ရဲ့ Career အတွက်အာမခံပေးနိုင်မယ့် ကမ်းလှမ်းမှုတွေများစွာ တစ်နေရာထဲမှာရှာဖွေနိုင်မယ့် http://www.jobexpress.com.mm/job-search JobExpress ကိုသတိရလိုက်ပါ။
Content By Htet Wai Yan