JobExpress Myanmar
No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now
  • Home
  • Jobs & Careers
  • Apply Now
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Uncategorized

Procrastination (အချိန်ဆွဲခြင်း)

Share on FacebookShare on LinkedinShare on Twitter

Procrastination (အချိန်ဆွဲခြင်း)

ဘဝကိုချစ်ရင် အချိန်မဆွဲနဲ့ ။ဘဝဆိုတာ အချိန်တွေနဲ့တည်ဆောက်ထားတာ။ အချိန်ဆွဲနေသေးသရွေ့ ဘဝကဘယ်တော့မှ ရှေ့ရောက်မှာမဟုတ်ပါဘူး။ တစ်နည်းမဟုတ်တစ်နည်းနည်းနဲ့ အကိုအမ တို့အချိန်ဆွဲဖူးကြမှာပါ။ ဒါပေမယ့် အောင်မြင်နေတဲ့သူတွေကြည့်လိုက်ပါ။ ဘယ်တော့မှ အချိန်မဆွဲပါ။ သူတို့အတွက် အချိန်ဆိုတာ ဘာနဲ့မှ လဲမရတဲ့အရာပဲ။ ခေါင်းငိုက်စိုက်ကျနေမယ့်အစား သူတို့အလုပ်သူတို့ပြီးအောင်လုပ်တက်ကြပါတယ်။ လူရဲ့စိတ်သဘောက ကိုယ့်ကိုယ်ကို ငဲ့ညာတယ်။စိတ်ပင်ပန်းမှာ၊လူပင်ပန်းမှာကြောက်တယ်။ ကိုယ်ရဲ့ စိတ်ခဏတာသာယာဖို့ လုပ်ရမယ့်အလုပ်တွေ မလုပ်ပဲ နေ့ရွေ့၊ညရွေ့လုပ်တက်ကြပါတယ်။ Deadline နီးမှ ကပ်လုပ်တော့ ကိုယ့်ရဲ့ စိတ်က တစ်ကယ်ရော သက်သာရရဲ့လား? ကမောက်ကမ တွေဖြစ်တာပေါ့။

အချိန်ဆွဲတက်တဲ့ အကျင့်ကို ဖျောက်ပစ်ဖို့ ဘယ်လို လုပ်ဆောင်ကြမလဲ?

1️⃣Get Organized (အစီစဉ် တကျလုပ်ဖို့လိုပါတယ်)
အလုပ်သာလုပ်နေတာ ကိုယ်ရဲ့ စိတ်ထဲမှာ Plan (or) Idea ဘာမှ မရှိဘူးဆိုရင် သင်က အချိန်ဆွဲနိုင်ခြေပိုများသွားပါပြီ။ Plan ရှိပါစေ။ ဒါက အရမ်းအရေးကြီးပါတယ်။ ကိုယ်လုပ်ရမယ့် ကိစ္စတွေ၊တာဝန်တွေအကုန်လုံးကို အစီစဉ်တကျ Plan ချပြီးလုပ်ဆောင်မယ်ဆိုရင် သင့်အတွက်အချိန်ဆွဲချိန်တောင်ရှိမှာမဟုတ်ပါဘူး။

2️⃣Eliminate Distractions(စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အရာတွေဖယ်ရှားလိုက်ပါ)
ကိုယ့်ရဲ့ အလုပ်အတွက်အနှောက်အယှက်ဖြစ်စေမယ့်အရာတွေ ဘေးနားကဖယ်ရှားပစ်ပါ။ လုပ်ရမယ့်ကိစ္စတွေကို Delay ဖြစ်မယ့် မဆိုင်တဲ့အရာတွေစိတ်ထဲကနေ ထုတ်ပစ်ထားပါ။ အချိန်ဆွဲတယ်ဆိုတာ ကိုယ့်ရဲ့စိတ်နဲ့အများကြီးသက်ဆိုင်ပါတယ်။ စိတ်ကို အလိုမလိုက်ပါနဲ့။

3️⃣Prioritize (ဦးစားပေးပါ)
ကိုယ်လုပ်ရမယ့် လုပ်ငန်းတာဝန်တွေကို ဦးစားပေးလုပ်ခြင်းက အချိန်ဆွဲတက်တဲ့အကျင့်ကို ကျော်လွှားနိုင်မယ့် နည်းလမ်းလေးတစ်ခုပါ။ အပတ်တိုင်း ကိုယ်လုပ်ရမယ့် ကိစ္စတွေကို List လုပ်ထားပါ။အဲဒီထဲကမှ အရေးကြီးဆုံးအခက်ခဲဆုံး အရာတွေကို ဦးစားပေး ကိုင်တွယ်ဖြေရှင်းပါ။ ခက်ခဲတဲ့ အရာတွေ ဖြေရှင်းပြီးပြီဆိုရင် နောက်ပိုင်းကိစ္စတွေကို အလွယ်တကူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

4️⃣Teak a break (ခဏအနားယူပါ)
အလုပ်တွေပဲ ဆက်တိုက်လုပ်နေလို့လည်းမရပါဘူး။ ဆက်တိုက်အလုပ်လုပ်နေလို့လည်း အလုပ်က ထင်သလောက်တွင်ကျယ်မှာ မဟုတ်ပါဘူး။ အလုပ်ထဲမှာ Pressure တွေပိလာတဲ့အခါ ခဏတာ အနားယူသင့်ပါတယ်။ (၁၀မိနစ် ၁၅မိနစ်)လောက် သီချင်းနားထောင်တာ၊ လမ်းလျှောက်တာ ကိုယ့်စိတ်ကိုကြည်လင်စေမယ့် အရာတွေလုပ်ပေးသင့်ပါတယ်။ အနားယူခြင်းက အာရုံစူးစိုက်မှုကိုပိုကောင်းစေကာ စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။

5️⃣Reward Yourself (ကိုယ့်ကိုယ်ကို ဆုချပါ)
ဒီProjectလေးပြီးရင် ငါကတော့ ဘာလုပ်မယ်ဆိုတဲ့ဟာလေးတွေပေါ့။ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခု ပြီးမြောက်ဖိူ့ကိုယ့်ကိုယ်ကို ဆုချခြင်းကလည်း အချိန်ဆွဲခြင်းကိုကျော်လွှားနိုင်မယ့်အချက်တစ်ချက်ဆိုရင်မမှားပါဘူး။

ဒီContent လေးက အကိုတို့အမတို့အတွက် အကျိူးရှိမယ့် တစ်စုံတစ်ရာရခဲ့တယ်ဆိုရင် တစ်ခြားသူတွေအတွက်လည်း like and share လေးလုပ်ပြီးမျှဝေသွားပေးပါအုံးနော်။
#40HRSMyanmar
#Procrastination #life #motivation

Related Posts

Career Advice

အရှုံးသမား ဟုတ်မဟုတ် ဆန်းစစ်ဖို့ အချိန်သုံးမိနစ်ပဲပေးပါ

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

November 11, 2020
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

November 19, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
လူမှုဖူလုံရေး အကြောင်း  အပိုင်း ( ၂ )

လူမှုဖူလုံရေး အကြောင်း အပိုင်း ( ၂ )

November 14, 2020

40HRS

  • About us
  • Privacy Policy
  • Terms & Conditions

PRODUCTS & SERVICES

  • HR Outsourcing
  • Training
  • Legal consulting

CAREERS & COMMUNITY

  • Career Advice

FOLLOW US

© Copyright 2000 – 2024, 40HRS. All Rights Reserved

No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now