အမေရိကန် သမ္မတ ဟောင်း Barack Obama က သူသမ္မတ မဖြစ်ခင်မဲဆွယ်စည်းရုံးရေး Campaign တွေ မှာ Change ဆိုတဲ့ စကားလုံး ကိုတွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့တယ်။
ဒီစကားလုံးကပဲ သူ့ကို အမေရိကန် သမ္မတ ဖြစ်စေဖို့ အတွက် နိုင်ငံသူ နိုင်ငံသားတွေရဲ့ မဲတွေကိုရရှိခဲ့ပါတယ်။ခေါက်ရိုးကျိုးနေတဲ့ စနစ်တွေ ကနေ ပြောင်းလဲဖို့၊ ခိုင်မာကောင်းမွန်တဲ့ အနာဂတ်တွေ အတွက် changeလုပ်ဖို့လိုအပ်ပါတယ်။
လူတစ်ယောက်ရဲ့ဘဝပြောင်းလဲဖို့ဆိုတာ မကောင်းတဲ့အကျင့် စရိုက်တွေ၊ မကောင်းတဲ့အပြုအမူတွေကို Changeဖို့လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့အမူအကျင့်တွေကတကယ်ကိုဖျောက်ရခက်ပါတယ်။ သင်ဘဝမှာအောင်မြင်ချင်တယ်ဆိုရင်တော့ သင့်ကိုယ်သင် အရင်တိုးတက်ပြောင်းလဲန်ိုင်အောင်လုပ်ရမှာပါ။ သင်ကိုယ်တိုင်တိုးတက်မှ ပတ်ဝန်းကျင်ကိုလည်းတိုးတက်အောင်ပြောင်းလဲပေးနိုင်မယ်ဖြစ်တယ်။
ယခုလက်ရှိငါဘာတွေလုပ်နေလဲ❓
ဒီအမူအကျင့်တွေအတိုင်းနေလာတာ နောင်ငါးနှစ်အကြာမှာ ငါဘာတွေပြောင်းလဲနိုင်ပြီလဲ❓
ငါအခုထိဘယ်အရာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်သေးဘူး။
ငါအောင်မြင်ချင်တယ်ဆိုပြီး ထိုင်အော်နေလည်း ဖြစ်မလာနိုင်ပါဘူး။လက်တွေ့အကောင်အထည်ဖော်မှ လက်တွေဖြစ်မှပါ။ဘဝမှာ Changes လုပ်သင့်တာကို လုပ်ပါ။တစ်ခါခါ ကိုယ်လုပ်နေတဲ့အရာ တစ်ခုက ကိုယ့်အတွက် အဆင်ပြေတယ်ထင်ရပေမယ့် အများအတွက် အဆင်မပြေတဲ့ အခါ ပြောင်းလဲသင့်တာကို ပြောင်းလဲရပါတယ်။
ပြောင်းလဲရတာ မကြောက်ပါနဲ့။
အရာရာတိုင်းမှာ စိန်ခေါ်မူဆိုတာ ရှိပါတယ်။ဘာမှမလုပ်ရင်ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။အရာရာတိုင်းကို ရဲရဲ ဝံ့ဝံ့ ရင်ဆ်ိုင်ပါ။ပထမဦးဆုံးကို့ဘဝအတွက်၊ ကို့ပတ်ဝန်းကျင်အတွက်၊ ကိုယ့်လူမျိူးကိုယ့်နိုင်ငံအတွက် အဆင်မပြေဘူးထင်တဲ့ အရာတွေကို ရဲရဲသာပြောင်းလဲပစ်လိုက်ပါ။
Content By Kit Kit