JobExpress Myanmar
No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now
  • Home
  • Jobs & Careers
  • Apply Now
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home News

လူမှုဖူလုံရေး အကြောင်း အပိုင်း ( ၂ )

Share on FacebookShare on LinkedinShare on Twitter

လူမှုဖူလုံရေး ဆိုတာက အလုပ်ရှင်နဲ့ အလုပ်သမားတွေအတွက် အလုပ်သမားခံစားခွင့် မနစ်နာစေရန် နိုင်ငံတော်ကနေ စုပေါင်းအာမခံပြီး အကောင်အထည်ဖော် ပေးထားတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။အရင်အပတ်က ကျွန်တော်တို့ လူမှုဖူလုံရေးအာမခံထားခြင်းရဲ့ အကျိုးခံစားခွင့်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့လုပ်ငန်းစဉ်တွေကို ပြောပြပေးပြီးပြီဖြစ်တယ်။ မဖတ်ရသေးတဲ့ သူတွေအတွက်လည်း ဒီ Link ကနေ တစ်ဆင့်ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။

အခုအပိုင်းမှာတော့

(၁) အာမခံကတ်ပြားလျှောက်ပုံလျှောက်နည်းအဆင့်ဆင့်
(၂) Smart Card နဲ့ယာယီကတ်ပြားအကြောင်း နှင့်
(၃) စာရင်းပေးသွင်းပုံအလိုက်အကျိုးခံစားခွင့် ရှင်းပြသွားမှာဖြစ်ပါတယ်။

🔺 လူမှုဖူလုံရေး အာမခံကတ်ပြားလျှောက်ဖို့ရန်အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကတော့

(၁) ကျန်းမာရေးစစ်ဆေးမှုခံယူရန်
(၂) အကယ်၍ ကျန်းမာရေးချို့တဲ့သူ (သို့မဟုတ်) နာတာရှည်ရောဂါ ခံစားနေရသူဖြစ်ကြောင်းစစ်ဆေးတွေ့ရှိပါက လူမှုဖူလုံရေးဆေးရုံကြီး(သို့မဟုတ်)သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနသို့ သွားရောက်၍ ဆေးကုသမှု ခံယူရန်
(၃) မိမိဆန္ဒအလျောက် အာမခံထားသူဖြစ်ပါက ကုန်ကျစရိတ်ကို ကိုယ်တိုင်ကျခံရန်နှင့် မိမိကိုယ်စား လုပ်ငန်းဘက်က လျှောက်ပေးပါက လုပ်ငန်းရှင်ဘက်က ကုန်ကျမယ်ဖြစ်တယ်။

🔺 Smart Card နဲ့ယာယီကတ်ပြားအကြောင်း

အာမခံကတ်ပြားမှာတော့ Smart Card နဲ့ ယာယီကတ်ပြားဆိုပြီး (၂) မျိုးရှိပါတယ်။ ယာယီကတ်ပြားနဲ့မတူတာက Smart Card မှာက 2D Barcode စနစ်ပါဝင်ပါတယ်။ အကယ်၍ ကိုယ်ကိုယ်တိုင်က Smart Card မဟုတ်ပဲ ယာယီကတ်ပြားကိုင်ဆောင်ထားသူဖြစ်ခဲ့ရင်လည်း အကျိုးခံစားခွင့်တွေကတော့ ညီတူမျှတူခံစားရမှာဖြစ်ပါတယ်။ အာမခံအလုပ်သမားများအနေနဲ့ မိမိတို့ထည့်ဝင်ကြေးပေးသွင်းထားတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဖူလုံရေးအဖွဲ့ ရုံးခွဲများကိုသွားရောက်ပြီးအာမခံစီစစ်ရေးကတ်ပြားများကို အချက်အလက်များဖြည့်သွင်း၍ ထုတ်ယူနိုင်ပါသည်။ အလုပ်သမားတွေဘက်ကလည်း မိမိတို့ကိုယ်ပိုင်ကတ်ပြားနဲ့အတူ လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးခန်းများ၊ ဆေးရုံများတွင် ဆေးကုသရာတွင် လည်းကောင်း၊ ငွေကြေးအကျိုးခံစားခွင့်များ လျှောက်ထားရာတွင်လည်း ကတ်ပြားကို အသုံးပြုနိုင်ပါသည်။

🔺 စာရင်းပေးသွင်းပုံအလိုက်အကျိုးခံစားခွင့်များ

မှတ်ပုံတင်ကာလ (၁) လအတွင်း အကျိုးခံစားခွင့်များ

(က) ဆေးကုသမှုခံစားခွင့်
( ခ ) ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်
( ဂ ) အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်
(ဃ) အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးရခြင်းအတွက်ကျန်ရစ်သူအကျိုးခံစားခွင့်
( င ) နာရေးစရိတ်

မှတ်ပုံတင်ကာလ (၁၂) လအတွင်း ထည့်ဝင်ကြေး (၆) လရှိပါက အကျိုးခံစားခွင့်များ

(က) မီးဖွားမှုငွေကြေးအကျိုးခံစားခွင့်
( ခ) မီးဖွားစရိတ်
( ဂ ) ကိုယ်ဝန်ပျက်မှုအတွက်ငွေကြေးအကျိုးခံစားခွင့်
(ဃ) တစ်နှစ်အောက်ကလေးမွေးစားမှုအတွက်ငွေကြေးအကျိုးခံစားခွင့်
( င ) ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့်
( စ ) ဖခင်ဘဝဖြစ်မှုအတွက်မီးဖွားစရိတ်
( ဆ) မွေးကင်းစကလေးအားတစ်နှစ်အထိဆေးကုသမှုခံယူခွင့်

အဆုံးသတ်ရမယ်ဆိုရင် SSB လျှောက်နည်းတွေနဲ့ ဝန်ထမ်းတွေအတွက် လအလိုက် အကျိုးခံစားခွင့်တွေကို ပိုမို သိရှိနားလည်စေရန် ကျွန်တော်တို့ JobExpress Myanmar က ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

Source By https://www.mol.gov.mm/mm/

Content By Kit Kit and Htet Wai Yan Lynn

Related Posts

Career Advice

အရှုံးသမား ဟုတ်မဟုတ် ဆန်းစစ်ဖို့ အချိန်သုံးမိနစ်ပဲပေးပါ

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)

November 19, 2020
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့
News

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

November 19, 2020
ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း
News

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?
News

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
Next Post
ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

November 11, 2020
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

November 19, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
လူမှုဖူလုံရေး အကြောင်း  အပိုင်း ( ၂ )

လူမှုဖူလုံရေး အကြောင်း အပိုင်း ( ၂ )

November 14, 2020

40HRS

  • About us
  • Privacy Policy
  • Terms & Conditions

PRODUCTS & SERVICES

  • HR Outsourcing
  • Training
  • Legal consulting

CAREERS & COMMUNITY

  • Career Advice

FOLLOW US

© Copyright 2000 – 2024, 40HRS. All Rights Reserved

No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now