JobExpress Myanmar
No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now
  • Home
  • Jobs & Careers
  • Apply Now
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home News

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

Share on FacebookShare on LinkedinShare on Twitter

အလုပ်သမားတစ်ယောက်စီတိုင်း ရသင့်ရထိုက်တဲ့ ခွင့်ရက်အမျိုးအစား ဘယ်နှစ်ခုရှိလဲနဲ့ ခွင့်တစ်ခုချင်းဆီရဲ့ အကျိုးခံစားခွင့်တွေကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။

နားရက် နှင့် ခွင့်ရက်များ

နားရက်

ပုံမှန်အားဖြင့် ရက်သတ္တပတ် တစ်ပတ်လျှင် တနင်္ဂနွေ‌နေ့ကို နားရက်အဖြစ်လည်းေကာင်း၊ အလုပ်ရှင်နှင့် အလုပ်သမား တို့၏ သ‌‌ဘောတူညီချက်ဖြင့်လည်း‌ကောင်း တစ်ပတ်လျှင် အလုပ်နားရက် တစ်ရက်ကို နှစ်ဉီးသဘောတူသတ်မှတ်နိုင်တယ်။ နားရက်တွင်လည်း တည်ဆဲအလုပ်သမားဥပေဒများနှင် အညီ လုပ်ခလစာ ခံစားခွင့်ရှိပါတယ်။ အလုပ်ပိတ်ရက် (၁) ပြည်ထောင်စုအစိုးရက နှစ်စဉ်အမိန့်ကြောငြာစာဖြင့် သတ်မှတ်ပေးထားတဲ့ အလုပ်ပိတ်ရက်များတွင် လုပ်ခလစာအပြည့်ဖြင့် အနားပေးရမယ်ဖြစ်ပါတယ်။ အကယ်၍ အများပြည်သူ အလုပ်ပိတ်ရက်နှင့် ရက်သတ္တပတ် အလုပ်ပိတ်ရက်တိုက်ဆိုင်နေပါက ထိုနေ့ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရပါမည်။

ခွင့်ရက်များ

အလုပ်သမားက ဥပေဒနှင့်အညီ ခွင့်တိုင်ကြားပါက ‌အောက်ပါ အတိုင်း အကျိုးခံစားခွင့်ရရှိပါမည်။

(၁) လုပ်သက်ခွင့် ( Annual Leave )

လုပ်သက်တစ်နှစ်ပြည့်ပြီး လစဉ်အနည်းဆုံး အလုပ်ဆင်းရက် ၂၀ ရက်ရှိပါက တစ်နှစ်လျှင် ၁၀ ရက်တဆက်တည်း (သို့မဟုတ်) ခွဲ၍ခံစားခွင့်ရှိပါတယ်။ လတိုင်းအတွက် ရက်၂၀ပြည့်မလုပ်ခဲ့ပါက မိမိလုပ်သက်ခွင့်မှ ခွင့်တစ်ရက်ကျစီ အဖြတ်ခံရမည်။

(၂) ရှောင်တစ်ခင်ခွင့် ( Casual Leave )

အလုပ်စဝင်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ရှောင်တစ်ခင်ခွင့် (၆) ရက်ကို လုပ်ခလစာအပြည့်ဖြင့် ခံစားခွင့်ရှိပါတယ်။ သို့သော် သက်ဆိုင်ရာနှစ်အတွင်း ခွင့်မယူပါက နောက်နှစ်အတွက် ပြန်လည်သယ်ဆောင်သွားခြင်း မရှိပါ။ အရေးကြီးသည့် ကိစ္စ မှလွဲ၍ တစ်ကြိမ်လျှင် (၃) ရက်ထက်ပို၍ ခံစားခွင့်မရှိပါ။ အခြားခွင့်တွေနဲ့လည်း ပေါင်းစပ်ခံစားခွင့်မရှိပါ။

(၃) ဆေးခွင့် ( Sick Leave )

လူမူဖူလုံရေး အာမခံပေးဆောင်ထားခြင်းမရှိသော အလုပ်သမားများအတွက် လည်း လုပ်သက် (၆) လပြည့်ပြီးသူတွေအတွက် တစ်နှစ်လျှင် ဆေးခွင့် ရက် (၃၀)ကို လစာအပြည့်ဖြင့် ခံစားခွင့်ရှိပါတယ်။ (၆) လမပြည့်တဲ့သူတွေ အတွက် လစာမဲ့ဖြင့် ဆေးခွင့်ရက် (၃၀)ကိုခံစားခွင့်ရှိပါတယ်။ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိပါက သက်ဆိုင်ရာဉပ‌ဒေနှင့်အညီ ဆေးခွင့်ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

(၄) မီးဖွားခွင့် ( Maternity/Parental Leave )

လူမူဖူလုံရေး ပေးဆောင်ထားသော အလုပ်သမားများသည် လူမူဖူလုံရေး ဉပဒေအရဖြစ်စေ၊ အလုပ်ပိတ်ရက်ဉပဒေ အရဖြစ်စေ ဉပ‌ဒေ တစ်ခုခုအရ အကျိုးခံစားခွင့်ရှိသည်။ သို့သော် လူမူဖူလုံရေးအာမခံမထားသော အလုပ်သမား များသည် အလုပ်ပိတ်ရက်ဉပဒေ တစ်ခုနှင့်သာ အကျုံးဝင်ပြီး အကျိုးခံစားခွင့်ရှိသည်။

(၅) ခွင့်မဲ့ပျက်ကွက်ခြင်း ( Unauthorized Absence )

အလုပ်သမားဘက်က လုပ်ငန်းခွင်သို့ လာ‌ရောက်ရန် သတ်မှတ်ထားသော ကာလထက်ပို၍ ခွင့်မဲ့ပျက်ကွက်ပါက လုပ်ခ၊ လစာခံစားခွင့်မရှိပါ။ အလုပ်ရှင်ဘက်က ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ ခွင့်မဲ့(၃)ရက်တဆက်တည်း ပျက်ကွက်ပါက အရေးယူခံရခြင်း ( သို့မဟုတ်) တာဝန်မှရပ်ဆဲခြင်း ကိုလုပ်ငန်းရှင်ဘက်က ပြုလုပ်နိုင်ပါတယ်။

Source By https://www.moi.gov.mm/\

Content By Kit Kit and Htet Wai Yan

Related Posts

Career Advice

အရှုံးသမား ဟုတ်မဟုတ် ဆန်းစစ်ဖို့ အချိန်သုံးမိနစ်ပဲပေးပါ

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)

November 19, 2020
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့
News

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

November 19, 2020
လူမှုဖူလုံရေး အကြောင်း  အပိုင်း ( ၂ )
News

လူမှုဖူလုံရေး အကြောင်း အပိုင်း ( ၂ )

November 14, 2020
2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?
News

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
Next Post
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: - အပိုင်း (၂)

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

November 11, 2020
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

November 19, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
လူမှုဖူလုံရေး အကြောင်း  အပိုင်း ( ၂ )

လူမှုဖူလုံရေး အကြောင်း အပိုင်း ( ၂ )

November 14, 2020

40HRS

  • About us
  • Privacy Policy
  • Terms & Conditions

PRODUCTS & SERVICES

  • HR Outsourcing
  • Training
  • Legal consulting

CAREERS & COMMUNITY

  • Career Advice

FOLLOW US

© Copyright 2000 – 2024, 40HRS. All Rights Reserved

No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now