ပုံမှန်အားဖြင့် အင်တာဗျူးတွေက လူတွေ့ အင်တာဗျူးတွေများပါတယ်။ တစ်ခါတစ်လေမှာ အကြောင်းအမျိူးမျိူးကြောင့် ဖုန်းနဲ့အင်တာဗျူးဖြေရတဲ့အခြေအနေမျိူးတွေရှိလာတက်ပါတယ်။ ပုံမှန်ဖြေနေတဲ့ အင်တာဗျူး ပုံစံမျိူးမဟုတ်တဲ့ အတွက် လွဲချော်မှုတွေဖြစ်တတ်ပါတယ်။ အခုလို Covid ကာလအတွင်းမှာ ဆိုရင် Company တော်တော်များက ဖုန်းအင်တာဗျူးကို အလေးထားအသုံးပြုလာကြပါပြီ။ ဒါကြောင့်ကိုယ်တိုင်က Phone နဲ့ interview ဖြေရတော့မယ်ဆိုရင် ဘယ်လိုပြင်ဆင်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။
ဘယ်သူက Interview ရမှာလဲ ?
သင့်ကို အင်တာဗျူး မယ့်သူက Recruiter ,Hiring Manager ဒါမှမဟုတ် Supervisor လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကို Interview မယ့်သူက Company ရဲ့ ဘယ်ရာထူးလဲသိအောင်လုပ်ပါ။ အကယ်လို့ အင်တာဗျူးမယ့်သူရဲ့Position ကိုသိထားပြီးပြီဆိုရင် သင့်အနေနဲ့ ဘယ်လိုမေးခွန်းမျိူးတွေမေးလာနိုင်တယ် ဆိုတာ ခန့်မန်းလို့ရပါတယ်။ သင့်အနေနဲ့လည်း အကောင်းဆုံးကြိုပြင်ဆင်ထားဖို့အချိန်ရပါတယ်။
တိတ်ဆိတ်တဲ့နေရာကိုရွေးချယ်ပါ။
Interviewer က သင့်ရဲ့ အသံကို ကြည်ကြည်လင်လင်ပြတ်ပြတ်သားသားကြားရမယ့်နေရာမျိူးဖြစ်ပါစေ။ အင်တာဗျူး ဖြေနေတဲ့ အချိန်အတွင်း မှာ Interviewer ပြောတဲ့စကားလုံးတိုင်း ဟာ အရေးပါလှပါတယ်။ TV ဖွင့်ထားတာမျိူး ၊ သီချင်းဖွင့်ထားတာ မျိူး မလုပ်သင့်ပါ။ အင်တာဗျူးနေစဉ်အတွင်း တံခါးတွေလည်း ပိတ်ထားပါ။ ပတ်ဝန်းကျင် ကလာတဲ့အသံတွေက အင်တာဗျူးနေစဉ်သင့်ကို အနှောက်အယှက်ဖြစ်စေပါတယ်။
Interviewer ရဲ့ စကားကိုအာရုံစိုက်နားထောင်ပါ။
Interviewer ဘက်ကနေ မေးခွန်းမဆုံးသေးသရွေ့ စကားဖြတ်မပြောသင့်ပါ။ တစ်ဖက်ကလူပြောတဲ့စကားကို သေချာစွာ နားထောင်ပါ။ ဖြစ်နိုင် ရင်အင်တာဗျူးမဝင်ခင် မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အစမ်းလေ့ကျင့်ကြည့်ပါ။စကားလုံးတိုင်းကိုသေချာစွာ နားထောင်နိုင်ဖို့၊ မေးတဲ့ မေးခွန်းတိုင်းကို ပြန် Follow လုပ်နိုင်ဖို့လိုအပ်ပါတယ်။
ပြုံးပါ။အသံနေအသံထား၊စကားလုံးတွေပေါ်ဂရုစိုက်ပါ။
ကိုယ်ရဲ့ အသံကစိတ်အားထက်သန်နေတဲ့အသံမျိုးဖြစ်ရပါမယ်။ကိုယ်ပြုံးနေတဲ့ အမူအရာကိုလည်း Interviewer ဘက်ကနေသိနိုင်လောက်စေမဲ့ ပုံစံမျိုးတွေက တစ်ဘက်လူအပေါ်လည်း အကောင်းမြင်စိတ်တွေဖြစ်လာနိုင်ပါတယ်။အင်တာဗျူးတဲ့သူက သင့်ရဲ့အပြုံးတွေမမြင်ရပေမယ့် စကားပြောတဲ့အခါ ပြုံးပြီးပြောတဲ့ အသံ နှင့် ခပ်တည်တည်ပြောတဲ့အသံက သိသိသာသာကွာခြားလွန်းပါတယ်။
အဆုံးသတ်လှပါ။ကျေးဇူးတင်ဖို့မမေ့ပါနဲ့။
Interviewer ဘက်ကနေ နောက်ထပ်မေးနိုင်မဲ့ မေးခွန်းမျိုးတွေမရှိတော့တဲ့ အခါ မိမိဘက်ကနေ စိတ်အားထက်သန်စွာနဲ့စကားတွေဆက်ပြောပါ။ လူတွေစစ်ဆေးဖို့ schedule မချသေးရင်လည်းမိမိဘက်ကနေ follow Up ဘယ်လိုလုပ်ရမလဲဆိုတာမေးပါ။Interviewer ကိုဆက်သွယ်နိုင်မဲ့ information တစ်ခုခုကိုအတတ်နိုင်ဆုံးမေးပါ။ interview ပြီးတဲ့အခါ ကျေးဇူးတင်တဲ့အကြောင်းကို Email ကနေတစ်ဆင့်ပို့ပါ။ Email ပို့တဲ့အခါ ကျေးဇူးတင်ပါတယ်ဆိုတာပဲမပြောပဲ အခုလိုအချိန်ပေးတဲ့အတွက် မိမိဘက်ကဘယ်လောက်စိတ်ပျော်ရွှင်ရတာတွေ၊ မိမိရဲ့ အလုပ်အပေါ် ပိုပြိးစိတ်အားထက်သန်လာ တာတွေကိုထည့်ပြောပါ။
Content By Kit Kit