JobExpress Myanmar
No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now
  • Home
  • Jobs & Careers
  • Apply Now
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Jobseeker

Work from home ကာလမှာ ဘယ်လိုအာရုံစိုက်ပြီး အလုပ်လုပ်မလဲ?

Work from home ကာလမှာ ဘယ်လိုအာရုံစိုက်ပြီး အလုပ်လုပ်မလဲ ဆိုတာ ကျွန်တော်တို့ JobExpress ကနေ tips လေးတွေနဲ့အတူဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

Share on FacebookShare on LinkedinShare on Twitter

ပုံမှန်ရုံးသွားစရာလဲမလိုဘူး၊ On-site appointment တွေ meeting တွေ လည်း သွားစရာ မလိုဘူး ၊ ရုံး Uniform တွေလည်းမ၀တ်ရဘဲ အခုလိုအိမ်မှာအေးအေး ချမ်းချမ်းအလုပ်လုပ်ခွင့်ရတာက အိမ်မက်တစ်ခုလိုဖြစ်‌နေနိုင်ပါတယ်။လူတိုင်းမှာရှိတတ်ကြတဲ့ အာရုံပျံ့လွင့်မှု တွေကို ရုံးချိန်အတွင်းမှာ မေ့ဖျောက်ဖို့ လွယ်ကူပေမဲ့ အိမ်ကနေအလုပ်လုပ်ရတဲ့အခါမျိုးတွေမှာ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်လုပ်ချိန်ကိုခွဲခြားထားဖို့ရာ မလွယ်ကူပါဘူး။

မိမိရဲ့ Team နဲ့‌တက်ညီလက်ညီ စုပေါင်းမလုပ်ရတာမျိုးတွေ‌၊ စိတ်ကျတာမျိုးတွေ၊ Workload ပိုများတယ်လို့ ခံစားရတာတွေ၊ ပုံမှန် ထက်အလုပ်လုပ်တာ နှောင့်နှေးတယ် ခံစားရတာမျိုးတွေက မိမိစိတ်ကိုပိုပြီးပျံ့လွင့်တတ်ပါတယ်။

အိမ်မှာ အလုပ်ပေါ် Focus ထားနိုင်ဖို့ရာခက်ခဲလှပါတယ်။ဒါကြောင့် Work from home ကာလမှာ ဘယ်လိုအာရုံစိုက်ပြီး အလုပ်လုပ်မလဲ ဆိုတာ ကျွန်တော်တို့ JobExpress ကနေ tips လေးတွေနဲ့အတူဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

(၁) တစ်နေ့တာလုပ်မဲ့ တာ၀န်တွေကိုချရေးပါ

မိမိကတစ်နေ့တာအလုပ်တွေမစခင်မှာ အရင်ဆုံးအချိန်ပေးပြီး ဒီနေ့ကိုယ်ဘာလုပ်ရမယ် ဆိုတဲ့ တစ်နေ့တာလုင်ငန်းတာဝန်တွေကို အချိန်ဇယားတစ်ခုဆွဲပါ။
ရုံးတက်ချိန်အတွင်းမှာလိုမျိုး ကိုယ်လုပ်ရမဲ့တစ်နေ့တာတာ၀န်တွေကို အလုပ်လုပ်နေတဲ့စားပွဲနံရံမှာ ကပ်ထားပါ။List ထဲမှာပါတဲ့ Tasks
တွေကိုအကုန်ပြီးအောင်လုပ်ပါ။ဒီနေ့အလုပ်ကို နောက်နေ့ထိမသယ်မိပါစေနဲ့။

(၂) ညအိပ်၀တ်စုံနဲ့အလုပ်မလုပ်ပါနဲ့

တစ်နေ့လုံး လုပ်ရမဲ့အလုပ်တွေကိုညဘက်အိပ်တဲ့ ၀တ်စုံနဲ့မလုပ်သင့်ပါ။အ၀တ်အစားပေါ်မူတည်ပြီး လူစိတ်ကပြောင်းလဲ နေတတ်ပါတယ်။မိမိကို Freshဖြစ်စေမဲ့ အ၀တ်အစားမျိုးတွေ၊ သပ်သပ်ရပ်ရပ် ၀တ်စားခြင်းက သင့်ရဲ့အတွေးတွေကို အာရုံစူးစိူက်မှု ပိုကောင်းစေပါတယ်။

(၃) အလုပ်ချိန်ကိုတိတိကျကျသတ်မှတ်ပါ

အလုပ်ကိုဘယ်နေရာမှာပဲလုပ်လုပ် အဓိက မိမိရဲ့ အလုပ်ချိန်ကိုလေးစားတတ်ဖို့လိုပါတယ်။မနက်ပိုင်းဆိုရင် ဘယ်အချိန်
က မိမိအလုပ်လုပ်တဲ့အခါပိုပြီးအလုပ်မြန်မြန်ပြီးနိုင်သလဲဆိုတာအချိန်တစ်ခုသတ်မှတ်ပြီး အာ့အချိန်အတွင်းမှာ မိမိရဲ့အလုပ်တာ၀န်ကို ပြီးမြောက်အောင်အလုပ်လုပ်ပါ။
အိမ်မှာအလုပ်လုပ်ရတဲ့အခါ ရုံးမှာလုပ်နေရတဲ့ခံစားချက်မျိုးရရှိအောင် အလုပ်နေရာလေးတစ်ခုသပ်သပ်ရပ်ရပ်ထားသင့်ပါတယ်။ ဥပမာပြောရရင် ရုံးမှာ ကော်ဖီ သောက်သလိုမျိုးပေါ့။ တိကျတဲ့ အလုပ်ချိန်သတ်မှတ်ခြင်းက အာရုံပျံ့လွင့်မှုကိုလျော့နည်းစေပါတယ်။

(၄) မိမိရဲ့ teammates တွေနဲ့ အဆက်အသွယ်မပြတ်ရှိပါ။

အိမ်မှာတစ်ယောက်ချင်းဆီအလုပ်လုပ်ရတဲ့အခါ အလုပ်တစ်ခုပြီးမြောက်ဖို့ဆိုတာက တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်မပြတ်ရှိဖို့က အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။
အလုပ်နဲ့ပတ်သက်ပြီးအသုံးပြုတဲ့ Social Media Platform တွေကိုအမြဲမပြတ်စောင့်ကြည့်ပါ။အိမ်ကနေ အလုပ်လုပ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် Communication ကောင်းခြင်းက မိမိရဲ့အလုပ်ကို ပိုပြီးမြန်ဆန်စေပါတယ်။

(၅) အလုပ်နဲ့မပတ်သတ်တဲ့ website တွေကိုပိတ်ထားပါ

ဒီလိုပြသာနာကလူတိုင်းကြုံတွေရတတ်ပါတယ်။အလုပ်အပေါ် အာရုံထားနိုင်ဖို့က အခုလိုသေးသေးမွှားမွှားလေးတွေလဲလိုက်နာတတ်ဖို့အ‌ရေးကြီးပါတယ် အလုပ်ချိန်အတွင်းမှာ အလုပ် နဲ့မသက်ဆိုင်တဲ့ အကြောင်းအရာတွေ မသုံးမိအောင် သတိထားဖို့လိုပါတယ်။ ဥပမာပြောရရင် အလုပ်နဲ့မပတ်သက်တဲ့ Social Media ပေါ်မှာအချိန်ဖြန်းနေတာမျိူးတွေ မလုပ်သင့်ပါ။ မိမိရဲ့ Computer မှာလည်း တစ်ခြားမလိုအပ်တဲ့ website တွေကိုပိတ်ထားခြင်းက အလုပ်ကိုပိုပြီးလျင်လျင်မြန်မြန်ပြီးနိုင်ပါတယ်။

(၆) အနားယူချိန်သတ်မှတ်ပါ

မိမိနဲ့အလုပ်တစ်ခုပြီးတိုင်း Fresh ဖြစ်စေမဲ့ သီချင်းလေးတွေနားထောင်ပါ။ မိသားစုကိုအချိန်ခဏပေးပါ။၅မိနစ်၊ ၁၀မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

💢အခုလို covid ကာလမှာအိမ်ကနေ အလုပ်လုပ်နေရတဲ့ အကိုတွေ၊ အမတွေ အတွက် အလုပ်တွေကို ရုံးမှာလုပ်နေရသလိုမျိုး မြန်မြန်ဆန်ဆန်ပြီးမြောက်စေဖို့၊ အလုပ်မှာအာရုံစူးစိုက်နိုင်ဖို့ အကြံပြုတင်ပြရင်း ကျန်းကျန်းမာမာနဲ့အလုပ်လုပ်နိုင်ကြပါစေခင်ဗျ။

Content By Kit Kit

Related Posts

Career Advice

အရှုံးသမား ဟုတ်မဟုတ် ဆန်းစစ်ဖို့ အချိန်သုံးမိနစ်ပဲပေးပါ

Company Trip ကဘယ်တော့လဲ?
Career Advice

Company Trip ကဘယ်တော့လဲ?

January 30, 2024
အလုပ်တော့လျှောက်တယ် ..          ဘာမှဆက်မဖြစ်လာဘူး Why?
Interview Tips & Tricks

အလုပ်တော့လျှောက်တယ် .. ဘာမှဆက်မဖြစ်လာဘူး Why?

November 27, 2020
Passion ကို Professional ဖြစ်အောင်ပြောင်းမယ့် အဓိကသော့ချက်
Jobseeker

Passion ကို Professional ဖြစ်အောင်ပြောင်းမယ့် အဓိကသော့ချက်

November 23, 2020
2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)

November 19, 2020
2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
Next Post
CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

CV ကောင်းတစ်စောင် ဘယ်လိုရေးမလဲ?

Covid 19 နဲ့ ဆောင်ရန်ရှောင်ရန် Safety Tips များ

Covid 19 နဲ့ ဆောင်ရန်ရှောင်ရန် Safety Tips များ

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

November 11, 2020
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

November 19, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
လူမှုဖူလုံရေး အကြောင်း  အပိုင်း ( ၂ )

လူမှုဖူလုံရေး အကြောင်း အပိုင်း ( ၂ )

November 14, 2020

40HRS

  • About us
  • Privacy Policy
  • Terms & Conditions

PRODUCTS & SERVICES

  • HR Outsourcing
  • Training
  • Legal consulting

CAREERS & COMMUNITY

  • Career Advice

FOLLOW US

© Copyright 2000 – 2024, 40HRS. All Rights Reserved

No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now