အလုပ်လုပ်နေတဲ့ လူတစ်ယောက်အတွက်တော့ Stress ဆိုတာ အနည်းနဲ့အများတော့ရှိကြတာပါပဲ။ ဥပမာပြောရင် မင်းအလုပ်က Deadline ရောက်တဲ့အချိန်ထိမပြီးသေးတဲ့အခြေအနေမျိူးတွေ ၊ မင်းရဲ့လုပ်ငန်းခွင်မှာ စိတ်အခန့်မသင့်တာမျိူးတွေဖြစ်လာတဲ့အခါ စိတ်ဖီးစီးမှုကြုံလာရတတ်ပါတယ်…
လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုတွေဖြေလျော့နိုင်ဖို့ နည်းလမ်း လေးတွေ မျှဝေပေးလိုက်ပါတယ်ခင်ဗျ။
(၁) သီချင်းနားထောင်ပါ
စိတ်ညစ်မူတွေကိုဖြေလျော့နိုင်ဖို့တစ်ခုတည်းသောနည်းလမ်းက စိတ်အပန်းပြေစေမဲ့သီချင်းမျိုးကို နားထောင်ခြင်းပဲဖြစ်ပါတယ်။
(၂) အစားများများစားပေးပါ
အစားအသောက်ကလူတိုင်းနဲ့တည့်ပါတယ်။အစားစာတဲ့အခါမှာလဲ စိတ်ရွှင်လန်းမဲ့အစားမျိုးကိုရွေးချယ်စားသောက်သင့်ပါတယ်။ဥပမာအနေနဲ့ ထောပတ်သီး၊ချောကလက်လိုမျိူးတွေစားပေးသင့်ပါတယ်။

(၃) ရင်ဖွင့်ပြောဆိုပါ
ကိုယ်ယုံကြည်ရတဲ့မိသားစုဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတစ်ယောက်ယောက်ဆီမှာ ရင်ဖွင့်ပြောဆိုပါ။ ပြသာနာတွေ.အခက်အခဲတွေကိုမျိုသိပ်နေခြင်းထပ်ရင်ဖွင့်ကြည့်ပြောဆိုခြင်းက သင့်ရဲ့စိတ်ဖိစီးမှု ကိုဖြေလျော့နိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။
(၄) အိပ်ရေးဝဝအိပ်ပါ
စိတ်ဖိစီးမှုတွေများလာတဲ့ အခါ အိပ်မရတာတွေကြုံလာရတက်ပါတယ်။ တစ်နေ့အနည်းဆုံးရှစ်နာရီခန့်အိပ်စက်သင့်ပါတယ်။ အိပ်ရေးပျက်တာများလာတဲ့အခါ စိတ်မကြည်တာတွေ ၊ စိတ်မရှည်တာတွေဖြစ်လာတက်ပါတယ်။ အလုပ်ခွင်မှာလည်း အဆင်မပြေဖြစ်လာတက်ပါတယ်။ အိပ်ရေးပျက်ခြင်း လူတွေရဲ့စိတ်ဖိစီးမှုကိုပိုတိုးစေပါတယ်။
အထက်ပါအချက်တွေကို လိုက်နာပြီး မိမိလုပ်ငန်းခွင်မှာစိတ်ဖိစီးမှုဒဏ်ကို လျှော့ချနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။
Content By Kit Kit