JobExpress Myanmar
No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now
  • Home
  • Jobs & Careers
  • Apply Now
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Jobseeker Interview Tips & Tricks

အလုပ်တော့လျှောက်တယ် .. ဘာမှဆက်မဖြစ်လာဘူး Why?

Share on FacebookShare on LinkedinShare on Twitter

တိုးတက်လာတဲ့ခေတ်ရေစီးကြောင်းအရ အခုနောက်ပိုင်းအလုပ်လျှောက်တဲ့အခါမှာ အထောက်အကူပေးတဲ့ Online Job Portal တွေ ၊ Agency တွေ မြန်မာနိုင်ငံမှာတော်တော်လေး ခေတ်စားလာပါတယ်။ Online Job Portal တွေဆိုရင် ကျွန်တော်တို့ကိုယ်တိုင် အလုပ်လျှောက်တဲ့အခါမှာ အထောက်အကူဖြစ်မယ့်

  • Professional ကျတဲ့ CV ဖန်တီးနည်းတွေ ၊
  • အိမ်မှာပဲနေရင်း Click တစ်ချက်နှိပ်ရုံနဲ့ အလုပ်လျှောက်နိုင်မယ့်အခွင်းအရေးတွေ ၊
  • အချိန်ကုန်သက်သာစေမယ့်နည်းလမ်းတွေအားလုံးက ကျွန်တော်တို့ လက်တစ်ကမ်းမှာရှိနေပါပြီ။

ကျွန်တော်တို့ရဲ့ Career ကို အထောက်အကူပြုပေးမယ့် Websites တွေ ၊ နည်းလမ်းတွေမျိုးစုံရှိပေမယ့်လည်း ကောင်းကောင်းအသုံးမချတတ်ရင်တော့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေအကုန်လုံးက အလဟဿဖြစ်သွားမှာအသေအချာပါပဲ။ အခုအပိုင်းမှာတော့ ကိုယ်တိုင်က အလုပ်တွေလျှောက်ထားပေမယ့်​ လုပ်ငန်းဖက်မှမဆက်သွယ်လာတဲ့ အဓိကနောက်ဆက်တွဲအကြောင်းအရာလေးတွေကို အချိတ်အဆက်လေးနဲ့ ပြောပြပေးမှာဖြစ်ပါတယ်။

(၁) CV Format တစ်မျိုးတည်းနဲ့ အလုပ်အများကြီးလျှောက်တဲ့အခါ

ပထမဦးဆုံးအနေနဲ့လူငယ်တွေသတိမထားမိတဲ့အချက်ကတော့ CV Format တစ်မျိုးတည်းနဲ့ Industry မတူတဲ့ လုပ်ငန်းအများကြီးကို တစ်ထိုင်တည်းလျှောက်တဲ့ပြဿနာပါပဲ။ကျွန်တော်တို့ရဲ့ CV မှာ ကိုယ့်ရဲ့ Skills တွေ ၊ Experiences တွေ ၊ Qualifications တွေကို Highlight လုပ်ထားတယ်ဆိုပြီး CV ပုံစံတစ်မျိုးတည်းနဲ့အလုပ်လျှောက်တာဟာ လုပ်ငန်းတိုင်းအတွက်အဆင်မပြေပါဘူး။ အလုပ်တစ်ခုကိုလျှောက်တော့မယ်ဆိုတိုင်း ကိုယ်ကိုယ်တိုင်အလုပ်ခန့်မယ့်သူဘက်ကနေဝင်ခံစားပြီး ကိုယ့်ရဲ့ CV မှာရှိတဲ့ အားသာချက်တွေရှာပါ ၊ သုံးသပ်ကြည့်ပါလို့ အရင်ဦးဆုံးတိုက်တွန်းလိုက်ပါတယ်။အခုအချက်ကိုသတိမထားမိရင် နောက်ဆက်တွဲ အကျိုးဆက်တွေကတော့

(၂) Interview အခေါ်ခံရတဲ့ Chance ပိုနည်းမယ်

အလုပ်တွေအများကြီးလျှောက်ထားရဲ့သားနဲ့ Interview အခေါ်ခံရတဲ့ Chance ပိုနည်းမယ်ဆိုတာ သင်္ချာနည်းအရစဉ်းစားရင်တော့ လက်မခံချင်စရာကောင်းတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် အခုဟာကအလုပ်လျှောက်မှာဖြစ်တဲ့အတွက် အလုပ်ခန့်မယ့်အလုပ်ရှင်သဘောကျဖို့က အရေးကြီးဆုံးပါ။ ကိုယ့်ရဲ့ CV ကိုအကောင်းဆုံးပြင်ထားတယ်ဆိုပေမယ့် CV တစ်ခုတည်းနဲ့ အလုပ်လျှောက်တာဟာ လုပ်ငန်းတိုင်းအတွက်မသင့်တော်ဘူးဆိုတာ အပေါ်ကအချက်မှာလည်းပြောပြပြီးပါပြီ။ အဓိကအချက်ကတော့ ကိုယ့်ရဲ့ CV ကို ကိုယ်လျှောက်မယ့် Company ရဲ့ JD နဲ့ JR ပေါ်မူတည်ပြီး ပြန်ပြင်ဖို့လိုအပ်ပါတယ်။

(၃) အချိန်ကုန်လူပင်ပန်းမယ်

Click တစ်ချက်နှိပ်ပြီးအလုပ်လျှောက်လို့ရရဲ့သားနဲ့ဘာကြောင့် အချိန်ကုန်မှာလည်းဆိုပြီးပြန်ပြီးမေးခွန်းထုတ်မယ့်သူတွေအတွက် ဘာကြောင့်အချိန်ကြာလည်းဆိုတာကို ပြောပြပေးချင်ပါတယ်။ Company ၁၀ခုကို Profile တစ်ခုတည်းနဲ့ အလုပ်လျှောက်ပြီးသွားရင် Candidate တော်တော်များများထင်တာက Company တစ်ခုလောက်တော့ငါ့ကို ဆက်သွယ်အုံးမယ်ထင်ပြီး အေးအေးဆေးဆေးနေတတ်ကြပါတယ်။ ၂ပတ် ၊ တစ်လကြာသွားပေမယ့်ဘယ် Company ဆီကမှ မဆက်သွယ်လာတာကိုကိုယ်တွေ့ခံစားဖူးကြမှာပါ။ အချိန်ကို အကျိုးရှိရှိနဲ့ထိထိရောက်ရောက် အလုပ်လျှောက်နိုင်ဖို့က ကိုယ်နဲ့ Fit အဖြစ်ဆုံး ဖြစ်မယ့် Position အတွက် CV ကိုအမြဲ Up to Date လုပ်ထားဖို့တိုက်တွန်းပါတယ်။

(၄) Interview အတွက် ပြင်ဆင်မထားတာ

အခု Pandemic ကာလမှာဆိုရင် လုပ်ငန်းရှင်ဖက်က ကိုယ့်ရဲ့ CV ကိုကြည့်ပြီးစိတ်ဝင်စားလို့ Interview ခေါ်တဲ့အခါမှာ အရင်ကလိုမျိုး (၅) ရက် ၊ တစ်ပတ် Schedule ချထားတွေမရှိတော့ပဲ Interview ချက်ချင်းခေါ်တဲ့အခိုက်အတန့်တွေပိုမိုများပြားလာပါတယ်။ ကိုယ်လျှောက်ခဲ့ဖူးတဲ့ Company တွေရဲ့နာမည်တွေ မှတ်မိနိုင်ဖို့ အနိုင်နိုင်ဖြစ်နေတဲ့အချိန်မှာ Company အကြောင်းနှံ့နှံ့စပ်စပ်သိထားဖို့ဆိုတာ ပိုပြီးခက်ခဲသွားပါပြီ။ Interview ဖြေတဲ့အချိန်မှာလည်း ကိုယ်လျှောက်တဲ့ Company အကြောင်းသေချာမသိပဲဖြေတဲ့အခါမှာ ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ လက်လွှတ်ရနိုင်ပါတယ်။

အခုမှ အလုပ်လျှောက်မယ့် ညီငယ်ညီမငယ်တွေအပါအဝင် အလုပ်ပြောင်းချင်တဲ့လူငယ်တွေလည်း အပေါ်မှာဖော်ပြထားတဲ့ ဖြစ်လာနိုင်တဲ့အမှားတွေကိုဆင်ခြင်ရင်း သင်နဲ့အကိုက်ညီဆုံးဖြစ်မယ့် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ၊ သင့်ရဲ့ Career အတွက်အာမခံပေးနိုင်မယ့် ကမ်းလှမ်းမှုတွေများစွာ တစ်နေရာထဲမှာရှာဖွေနိုင်မယ့် JobExpress Myanmar မှာအလုပ်လျှောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Content by Htet Wai Yan Lynn

Related Posts

Career Advice

အရှုံးသမား ဟုတ်မဟုတ် ဆန်းစစ်ဖို့ အချိန်သုံးမိနစ်ပဲပေးပါ

Company Trip ကဘယ်တော့လဲ?
Career Advice

Company Trip ကဘယ်တော့လဲ?

January 30, 2024
Passion ကို Professional ဖြစ်အောင်ပြောင်းမယ့် အဓိကသော့ချက်
Jobseeker

Passion ကို Professional ဖြစ်အောင်ပြောင်းမယ့် အဓိကသော့ချက်

November 23, 2020
2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)

November 19, 2020
2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
ဒီအတိုင်းပဲ Interview သွားဖြေတော့မှာလား ?
Interview Tips & Tricks

ဒီအတိုင်းပဲ Interview သွားဖြေတော့မှာလား ?

November 5, 2020
Next Post
Company Trip ကဘယ်တော့လဲ?

Company Trip ကဘယ်တော့လဲ?

အရှုံးသမား ဟုတ်မဟုတ် ဆန်းစစ်ဖို့ အချိန်သုံးမိနစ်ပဲပေးပါ

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

November 11, 2020
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

November 19, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
လူမှုဖူလုံရေး အကြောင်း  အပိုင်း ( ၂ )

လူမှုဖူလုံရေး အကြောင်း အပိုင်း ( ၂ )

November 14, 2020

40HRS

  • About us
  • Privacy Policy
  • Terms & Conditions

PRODUCTS & SERVICES

  • HR Outsourcing
  • Training
  • Legal consulting

CAREERS & COMMUNITY

  • Career Advice

FOLLOW US

© Copyright 2000 – 2024, 40HRS. All Rights Reserved

No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now