JobExpress Myanmar
No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now
  • Home
  • Jobs & Careers
  • Apply Now
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Jobseeker Interview Tips & Tricks

ဒီအတိုင်းပဲ Interview သွားဖြေတော့မှာလား ?

ကိုယ်က အလုပ်တစ်ခုကိုလျှောက်ထားလို့ လုပ်ငန်းဖက်က စိတ်ဝင်စားလို့ပြန်ခေါ်တဲ့အခါမှာ ဒီအတိုင်းပဲ Interview သွားဖြေတော့မှာလား?

Share on FacebookShare on LinkedinShare on Twitter

အလုပ်သွားလျှောက်တဲ့ လူငယ်တော်တော်များများအတွက် ကိုယ့်ရဲ့ဝတ်စားဆင်ယင်ပုံအပြင်အဆင် နဲ့ အပြုအမူပိုင်းလေးတွေမှာ ပိုပြီး Smart ကျအောင် နဲ့ First Impression ကောင်းကောင်းရအောင်ရည်ရွယ်ပြီးရေးပေးလိုက်ရခြင်းဖြစ်ပါတယ်။
ဒီစာလေးကိုဖတ်ပြီးသွားရင်တော့ အလုပ် Interview သွားဖြေတဲ့အခါမှာ အများကြီးအထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ပထမဦးဆုံးသတိထားရမှာက..

(၁) Resume မမေ့ပါနဲ့

ကျွန်တော်တို့ Online Recruitment Portal ကနေဖြစ်ဖြစ် ၊ Recruitment Agency ကနေဖြစ်ဖြစ် အလုပ်လှျောက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ Cover Letter နဲ့အတူတူ Resume ပါ တွဲတင်ထားရတယ်ဆိုတာလူတိုင်းသိပါတယ်။ ဒါပေမယ့် အလုပ်ရှင်က ကိုယ့်ရဲ့ Background နဲ့ Experience ကို သဘောကျလို့ Interview ခေါ်တဲ့အခါမှာ လူငယ်တွေရဲ့ အမှားဆိုတာထက် မေ့ကျန်တတ်တဲ့အမှားတစ်ခုရှိပါတယ်။ ​အဲ့ဒီအချက်ကတော့ First Interview မှာ Resume အပို Print Out မယူသွားပဲ လက်ဗလာနဲ့သွားဖြေတဲ့အချက်ပါ။ Resume နဲ့အတူ ကိုယ့်မှာရှိတဲ့ Certificate တွေ Diploma တွေအကုန် Print-Out လုပ်ပြီးယူသွားပါ။ ဘာကြောင့်လဲဆိုတော့ Interview စတာနဲ့သင့်ကို စာရွက်စာတမ်းတွေ အရင်တောင်းပါလိမ့်မယ်။ ပေးစရာမရှိရင် ကိုယ့်ကို ကြိုတင်ပြင်ဆင်ထားလေ့မရှိသူလို့ထင်သွားပါလိမ့်မယ်။

(၂) 15 မိနစ်စောရောက်ပါ

Interview ၃နာရီချိန်းရင် ၃နာရီရောက်အောင်သွားဖို့အရင်ဦးဆုံးတိုက်တွန်းပါတယ်။
အရမ်းကြီးလည်းစောသွားဖို့ မလိုသလိုနောက်ကျရင်လည်းအဆင်မပြေပါဘူး။ အကောင်းဆုံးအချိန်ကတော့ ၃နာရီချိန်းရင် ၁၅မိနစ်စောပြီး ရုံးထဲမှာကြိုစောင့်နေတာက အကောင်းဆုံးပါ။ ၁နာရီလောက်စောပြီး ရုံးထဲသွားစောင့်နေရင် ရုံးမှာရှိတဲ့ဝန်ထမ်းတွေအတွက် အနည်းနဲ့အများတော့ အနှောင့်အယှက်ဖြစ်ရပါတယ်။ပိုဆိုးတာကတော့ နောက်မကျဖို့လိုပါတယ်။ လမ်းပိတ်မယ်ထင်ရင်စောနိုင်သမျှပိုစောထွက်ပြီး Bus ကားထက် Taxi နဲ့သွားဖို့ အကြုံပေးပါရစေ။

(၃) Position အလိုက်ဝတ်စားဆင်ယင်ပါ

လူရယ်စရာဖြစ်အောင် ကြောင်ကြောင်ကျားကျား အရောင်တွေ ဒီဇိုင်းတွေမဝတ်ဖို့ အထူးအကြုံပြုပါရစေ။ ကိုယ်လျှောက်တဲ့ Position ထက် Overdressed မဝတ်ဖို့လည်းလိုအပ်ပါတယ်။ ကျွန်တော်တို့ အကြုံပြုတာက အဖြူရောင် သို့မဟုတ် အပြာရောင်အစရှိတဲ့ ရိုးရှင်းတဲ့အရောင်လေးတွေနဲ့ သပ်သပ်ရပ်ရပ်ဝတ်ဆင်သွားဖို့အကြံပြုပါတယ်။ အဓိကက Interviewer မျက်စိအေးစေမယ့် အရောင်လေးတွေနဲ့ Position နဲ့လိုက်မယ့် အဝတ်အစားရွေးချယ်သွားတာက အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

(၄) မေးတတ်တဲ့မေးခွန်းတွေအတွက် ကြိုတင်ပြင်ဆင်ပါ

Interview မှာဘာတွေမေးတတ်လဲ မသိရင်ကိုယ့်ရဲ့ စီနီယာအစ်ကို အစ်မတွေဆီက အကူအညီတောင်းပြီးကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။ အများစုကတော့ ကိုယ့်ရဲ့အကြောင်း နဲ့ ကိုယ့်ရဲ့အားသာချက် ၊ အားနည်းချက်တွေကတော့ အမေးအများဆုံး မေးခွန်းတွေဖြစ်လို့ အိမ်မှာထဲက ကြိုတင်ပြင်ဆင်ထားတာ Interview မှာအထင်ပေါ်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ Interview ဖြေမယ့်ရက် စသိပြီဆိုကတည်းက ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့အိမ်မှာရှိတဲ့ မှန်ရှေ့မှာဖြစ်ဖြစ် အခန်းထဲမှာဖြစ် ထပ်ခါထပ်ခါလေ့ကျင့်ပေးရပါမယ်။ အရေးအကြီးဆုံးက Job Description (JD) သေချာဖတ်ပါ။ Interview မှာ ကိုယ်လုပ်ရမယ့်တာဝန်တွေကိုမေးလာတဲ့အခါ အူတူတူအတတ ဖြစ်မနေဖို့လိုအပ်တယ်နော်။

(၅) ကိုယ်ဘာပြန်မေးမလဲ ကြိုစဉ်းစားပါ

အခုခေတ်မှာတော့ လူတိုင်းလိုလို ကြားဖူး ကြုံကြိုက်ဖူးကြမှာပါ။ Interview ပြီးတဲ့အခါမှာ Interviewer ဖက်က “မေးစရာမေးခွန်းရှိသေးလား” ဆိုပြီး ကိုယ့်ဖက်ကိုသိချင်တာမေးဖို့ ဖွင့်ပေးပါတယ်။ အကြီးမားဆုံးအမှားက “မရှိဘူး” ဆိုပြီးတော်တော်များများပြန်ဖြေတတ်ကြပါတယ်။ အဲ့ဒီလိုပြန်ဖြေတာက လုံးဝမကောင်းတဲ့ အဖြေပါ။ ကိုယ်ဘာတွေပြန်မေးမလဲဆိုတာ Interview မသွားခင်ထဲက ကြိုပြီးစဉ်းစားထားပါ။ အလုပ်နဲ့ပတ်သက်ပြီး ကျွန်တော်အလုပ်မဝင်ခင် ဘယ်အပိုင်းလေးတွေကြိုတင်လေ့လာထားသင့်သလဲ? စသဖြင့် အလုပ်ကိုလိုလိုလားလားနဲ့ စိတ်ဝင်စားကြောင်းပြပါ။ အနည်းဆုံး မေးခွန်း (၃)ခုလောက်တော့ပြန်မေးခဲ့ပါ။ လစာနဲ့ပတ်သက်ပြီး မမေးဖို့တော့မှာပါရစေ။

(6) အပြင်လူကို ရုံးထဲမခေါ်ပါနဲ့

Interview ဖြေတဲ့အခါမှာ ကိုယ်တစ်ယောက်တည်း Interview ဖြေရတာပါ။ ကိုယ့်ရဲ့မိဘကတော့ ကိုယ့်သားသမီးကို စိတ်ပူပန်တဲ့အနေနဲ့ Interview သွားဖြေတဲ့နေ့မှာ လိုက်လာပေးတာတွေရှိတတ်ပါတယ်။ လိုက်ပို့ပေးရင်လည်း ရုံးထဲမဝင်ခိုင်းပဲ အပြင်မှာပဲစောင့်ခိုင်းတာကပိုသင့်တော်ပါတယ်။ အကယ်၍ လုပ်ငန်းရှင်ဖက်ကတွေ့သွားရင် ကိုယ့်ကို Confidence (ယုံကြည်မှု) မရှိဘူးလို့ထင်သွားနိုင်ပါတယ်။မိဘတင်မဟုတ်ပဲ ကိုယ့်ရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေပါလာရင်လည်း အပေါ်ကနည်းအတိုင်းအပြင်မှာပဲစောင့်ခိုင်းထားပါ။

အပေါ်ကအချက်လေးတွေသတိထားပြီး ပြင်ဆင်သွားမယ်ဆိုရင် Interview မှာလည်း Confidence ရှိရှိဖြေနိုင်ပြီး အလုပ်ရနိုင်မယ့် အခွင့်အရေးလည်းများလာမှာ အသေအချာပါပဲ။

Content by Htet Wai Yan Lynn

Related Posts

Career Advice

အရှုံးသမား ဟုတ်မဟုတ် ဆန်းစစ်ဖို့ အချိန်သုံးမိနစ်ပဲပေးပါ

Company Trip ကဘယ်တော့လဲ?
Career Advice

Company Trip ကဘယ်တော့လဲ?

January 30, 2024
အလုပ်တော့လျှောက်တယ် ..          ဘာမှဆက်မဖြစ်လာဘူး Why?
Interview Tips & Tricks

အလုပ်တော့လျှောက်တယ် .. ဘာမှဆက်မဖြစ်လာဘူး Why?

November 27, 2020
Passion ကို Professional ဖြစ်အောင်ပြောင်းမယ့် အဓိကသော့ချက်
Jobseeker

Passion ကို Professional ဖြစ်အောင်ပြောင်းမယ့် အဓိကသော့ချက်

November 23, 2020
2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)

November 19, 2020
2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
Next Post
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

November 11, 2020
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

November 19, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
လူမှုဖူလုံရေး အကြောင်း  အပိုင်း ( ၂ )

လူမှုဖူလုံရေး အကြောင်း အပိုင်း ( ၂ )

November 14, 2020

40HRS

  • About us
  • Privacy Policy
  • Terms & Conditions

PRODUCTS & SERVICES

  • HR Outsourcing
  • Training
  • Legal consulting

CAREERS & COMMUNITY

  • Career Advice

FOLLOW US

© Copyright 2000 – 2024, 40HRS. All Rights Reserved

No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now