JobExpress Myanmar
No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now
  • Home
  • Jobs & Careers
  • Apply Now
No Result
View All Result
JobExpress Myanmar
No Result
View All Result
Home Jobseeker Career Advice

Job နဲ့ Career ဘာကွာလဲ ?

Share on FacebookShare on LinkedinShare on Twitter

Job ပဲဖြစ်ဖြစ် Career ပဲဖြစ်ဖြစ် သင်နဲ့ သင့်မိသားစုအတွက် ဝင်ငွေတစ်ခုရအောင်လုပ်ပေးတဲ့ အရာဖြစ်တယ်။ နှစ်ခုလုံးက တူတယ်လို့ထင်ရပေမဲ့ မတူပါဘူး။

အလုပ်ဆိုတာကြ လက်ရှိကိုယ်က ဝင်ငွေရဖို့အလုပ်လုပ်နေတာ သက်သက်ပါ။Career ကတော့ ကိုယ်ရဲ့ အနာဂတ်အတွက်ကိုယ်ဘာတွေ ပြင်ဆင်သင့်လဲ၊ ကိုယ်ယခု လုပ်နေတဲ့ အရာကရေရှည်မှာ ဘယ်လောက်ထိ ကိုယ့်အတွက်တိုးတက်နိုင်လဲဆိုတာကိုပါ ထည့်ပြီး စဉ်စားတာမျိုးဖြစ်တယ်။လူတိုင်းက Job နဲ့ Careerကိုသိပ်ကွဲပြားလေ့မရှိတာကြောင့် တစ်ခုချင်းဆီရဲ့ Meaning လေးတွေကို ဒီနေ့လေးမှာသေချာရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။

(JOB) အလုပ်ဆိုတာဘာလဲ?

အလုပ်ဆိုတာက ရိုးရိုးရှင်းရှင်းလေးပါပဲ ပိုက်ဆံရှာမယ်။ပြီးရင် Short-term အနေနဲ့ လုပ်နေတဲ့အရာတစ်ခုဖြစ်တယ်။အလုပ်ဆီကနေ သင်သိသင့်၊တတ်သင့်တဲ့ အခြေခံလိုအပ်ချက်တွေကိုပဲ သင်လေ့လာမယ်။ ဒီထက်ပိုပြီး ကျွမ်းကျင်တတ်မြောက်ဖို့ သင်က စိတ်အားထန်သန်စွာသင်ယူမှာမဟုတ်ပါ။တကယ်တမ်းကြ ကျွန်တော်တို့က ကိုယ်လုပ်နေတဲ့အရာပေါ်မှာ ရေရှည်တွေးတတ်ဖို့ကအရေးကြီးပါတယ်။ အလုပ်အပေါ်မှာထားတဲ့ အကျိုးသက်ရောက်မှုက Careerနဲ့သက်ဆိုင်ပါတယ်။အလုပ်ကို အလုပ်လို့တွေးတဲ့သူက လစာရဖို့ပဲကြည့်မယ်။ရာထူးတိုးဖို့ပဲကြည့်မယ်။လစာပိုပေးနိုင်တဲ့ နေရာမျိုးကို ရှာမယ်။ကိုယ်နဲ့ အဆင်ပြေမဲ့ နေရာမှာပဲသက်တောင့်သက်သာနေမယ်။ဒီနေရာမှာ အဆင်မပြေရင် နောက်တစ်နေရာကိုပြောင်းမယ်။ အချူပ်ပြောရမယ်ဆိုရင် သူရဲ့ Goal ကဝင်ငွေများများရဖို့က အဓိကဖြစ်တယ်။

Career ဆိုတာဘာလဲ?

Careerလို့ ကျွန်တော်တို့ တွေးပြီး အလုပ်လုပ်မယ်ဆိုရင်တော့ လက်ရှိလုပ်နေတဲ့ အလုပ်နဲ့ပတ်သက်ပြီး အမြဲမပြတ်လေ့လာနေမယ်။အနာဂတ်မှာ ကိုယ်ဘဝတိုး တက်ဖို့ ပြင်ဆင်သင့်တာတွေ ပြင်ဆင်မယ်။ ကိုယ်ကဒီအလုပ်နဲ့ပတ်သက်ပြီး ရတဲ့နေရာလေးမှာတင်ကျေနပ်မနေပဲ သင်ယူသင့်တာတွေကိုကြိုးစား သင်ယူမယ်။အလုပ်နဲ့ပတ်သတ်ပြီး တစ်ခုခု အမှားရှိခဲ့ရင်တောင် အမှားတွေကတစ်ဆင့် အတွေ့အကြုံယူပြီး သင်ခန်းစာတွေယူမယ်။ အလုပ်ပေါ်မှာရှိတဲ့ ကိုယ်ရဲ့ အားသာချက်တွေ၊ ကိုယ်ရဲ့ ဝါသနာတွေကို သိအောင်လုပ်မယ်။တကယ်ဆို Career ဆိုတာက Long Termဖြစ်လို့ သင်ကိုယ်သင်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်အောင်တွန်းတင်တာမျိုးဖြစ်ပါတယ်။သင်အနေနဲ့လည်းဒါမျိုး ဖြစ်ဖို့ Training ကောင်းကောင်းတွေ၊သင်တန်းတွေ တက်တာမျိုးတွေ၊ အလုပ်မှာရှိတဲ့ Senior တွေဆီက‌နေ လိုအပ်ချက်တွေကို သင်ယူတတ် တတ်ဖို့လည်းလိုပါတယ်။အကုန်လုံးကို ခြုံငုံ ကြည့်မယ်ဆိုရင် Career က ရည်ရွယ်ချက်၊ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ပြီး လစာတစ်ခုတည်းကို မကြည့်ဘဲ ဘဝတစ်လျှောက်လုံးနဲ့ ဆက်စပ်နေသောအရာဖြစ်တယ်။

လူငယ်တော်တော်များများက လက်ရှိအခြေအနေပေါ်မူတည်ပြီး သုံးသပ်လေ့ရှိကြပါတယ်။ကိုယ်တိုင်ကအခုအခြေနေလေးကအဆင်ပြေတယ်ဆိုပြီး‌ရေပေါ်ဆီလိုမျိုး မသိမသာဖြစ်နေတတ်ပါတယ်။တကယ်က ဘယ်အရာမှ မတည်မြဲတတ်တာကိုသတိရဖို့ပါပဲ။ဒီတိုင်းအဆင်ပြေသလို မနေဘဲ ကိုယ်ရဲ့ Career ကို ကိုယ်တိုင်ရှာဖွေပါ။ကိုယ်တိုင်က လည်း Career တစ်ခုကို လျှောက်လှမ်းမယ်ဆိုရင် ကိုယ်လုပ်နေတဲ့အရာတွေပေါ်မှာ အမြဲသုံးသပ်ဖို့လိုအပ်ပါတယ်။ ကိုယ်ရဲ့ လိုအပ်ချက်တွေကို ကိုယ်ဖြည့်မယ်။

ဥပမာ ပေးရရင် ဓားသွေးနေသလို ပုံစံမျိုးဖြစ်အောင် အစဉ်မပြတ်ထက်မြက်နေစေဖို့ ပညာဝမ်းစာကိုအမြဲဖြည့်နေဖို့လိုပါတယ်။အလုပ်ကနေ Career ဘက်ကိုလည်းပြောင်းလဲနိုင်တာမို့ ကိုယ်ကအရင်ကထက်ပိုကောင်း‌‌‌အောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားပါ။အခုချိန်မှာ မသိသာပေမဲ့ နောင်အနာဂတ်ရဲ့ ရှေ့ရေးကို ကြိုတွေးပြီးအလုပ်လုပ်တတ်တဲ့သူက တစ်ခြားသူများထက်သာနေတာကိုတွေ့ရပါလိမ့်မယ်။

Content By Kit Kit

Related Posts

Career Advice

အရှုံးသမား ဟုတ်မဟုတ် ဆန်းစစ်ဖို့ အချိန်သုံးမိနစ်ပဲပေးပါ

Company Trip ကဘယ်တော့လဲ?
Career Advice

Company Trip ကဘယ်တော့လဲ?

January 30, 2024
အလုပ်တော့လျှောက်တယ် ..          ဘာမှဆက်မဖြစ်လာဘူး Why?
Interview Tips & Tricks

အလုပ်တော့လျှောက်တယ် .. ဘာမှဆက်မဖြစ်လာဘူး Why?

November 27, 2020
Passion ကို Professional ဖြစ်အောင်ပြောင်းမယ့် အဓိကသော့ချက်
Jobseeker

Passion ကို Professional ဖြစ်အောင်ပြောင်းမယ့် အဓိကသော့ချက်

November 23, 2020
2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျို: – အပိုင်း (၂)

November 19, 2020
2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)
Jobseeker

2020 နောက်ပိုင်း မြန်မာနိုင်ငံတွင် Booming ဖြစ်လာနိုင်သော လုပ်ငန်း (၁၀)မျိုး – အပိုင်း (၁)

November 12, 2020
Next Post
How to be visible for jobseeking ?

How to be visible for jobseeking ?

Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ…

Phone နဲ့ Interview တစ်ခုဖြေတဲ့အခါ...

Please login to join discussion

More Social Information

  • 704.5k Fans
Facebook LinkedIn

Popular Post

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

ဝန်ထမ်းတစ်ယောက်စီတိုင်း သိထား သင့်တဲ့ခွင့်ရက်အမျိုးအစားများအကြောင်း

November 18, 2020
လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

လူမှုဖူလုံရေး ( SSB )ဆိုတာဘာလဲ?

November 9, 2020
Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

Interviewမှာ “လုံးဝ” မမေးသင့်တဲ့ မေးခွန်း (၅) ခု

November 11, 2020
အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

အချိန်ကို စနစ်တကျ အကျိူးရှိရှိအသုံးချတတ်ဖို့

November 19, 2020
အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

အပိုဝင်ငွေ ဘယ်လိုရှာကြမလဲ?

November 11, 2020
လူမှုဖူလုံရေး အကြောင်း  အပိုင်း ( ၂ )

လူမှုဖူလုံရေး အကြောင်း အပိုင်း ( ၂ )

November 14, 2020

40HRS

  • About us
  • Privacy Policy
  • Terms & Conditions

PRODUCTS & SERVICES

  • HR Outsourcing
  • Training
  • Legal consulting

CAREERS & COMMUNITY

  • Career Advice

FOLLOW US

© Copyright 2000 – 2024, 40HRS. All Rights Reserved

No Result
View All Result
  • Home
  • Jobs & Careers
  • Apply Now